
နေပြည်တော် ဇွန် ၂၀
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တရ သမအစည်းအဝေးကို ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၊ ၂၊ ၃၊ ၄ ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်၊ ဝါဆိုလဆန်း ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅၊ ၆ ရက် သောကြာ၊ စနေနေ့များတွင် သတ္တရသမအစည်းအဝေး ကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများသည် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက် တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။
ပင့်လျှောက်စာများ အချိန်မီ မရောက်ရှိပါကလည်း အဆိုပါနေ့ရက် များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်အပ်ပါ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ သတင်းစဉ်