အုတ်တွင်းမြို့နယ်၌ Drum Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှု လက်တွေ့ကွင်းသရုပ်ပြသ

အုတ်တွင်း    ဇွန်   ၂၈
ပဲခူးတိုင်းဒေသကြီး   အုတ်တွင်း မြို့နယ်  စိုက်ပျိုးရေး/​မွေးမြူရေး လုပ်ငန်း     ကြီးကြပ်မှုကော်မတီ ၏   ဦးဆောင်မှုဖြင့်  ပေါက်တော ကျေးရွာရှိတောင်သူ   ဒေါ်ခင်ငြိမ်း ၏ကွင်းအမှတ်(၃၃၉)၊    ဦးပိုင် အမှတ်(၃) ၊ လယ်ယာမြေခုနစ်ဧက တွင်  ယ​​နေ့နံနက်ပိုင်းက   Drum Seeder  စနစ်ဖြင့်  မိုးစပါးစိုက်ပျိုး ခြင်းကို လက်တွေ့ကွင်းသရုပ်ပြသ  ဆောင်ရွက်သည်။
အဆိုပါ Drum Seeder  စနစ် ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ ကွင်းသရုပ်ပြခြင်းကို   ပဲခူးတိုင်း ဒေသကြီး   လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီး        ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊     တောင်ငူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ   ဦးသိန်းဇော်နှင့်      အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်      အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး/    မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက      ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြောင်း   သိရ သည်။       ခင်ခင်မာ(ပြန်/ဆက်)