အဝေးသင် သင်တန်းများ ကျောင်းအပ်လက်ခံရက် ထပ်မံနှိုးဆော်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာ‌ရေးဝန်ကြီးဌာန 
အဆင့်မြင့်ပညာဦးစီးဌာန 
ကြေညာချက်

အဝေးသင် သင်တန်းများ 
ကျောင်းအပ်လက်ခံရက် ထပ်မံနှိုးဆော်ခြင်း

ပညာရေးဝန်ကြီးဌာန၊      အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊  ပထမနှစ် အဝေးသင် သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၆-၁၂-၂ဝ၂၃ ရက်နေ့မှ  စတင်လက်ခံခဲ့ရာ  ၂၈-၆-၂ဝ၂၄ ရက်နေ့  နောက်ဆုံး ထား၍လည်းကောင်း၊   ဒုတိယနှစ်နှင့်အထက်  ကျောင်းဝင်မှတ်ပုံ တင်ခြင်းကို ၅-၂-၂၀၂၄ ရက်နေ့မှ  စတင်လက်ခံခဲ့ရာ ၂၈-၆-၂၀၂၄  ရက်နေ့  နောက်ဆုံးထား၍လည်းကောင်း သက်ဆိုင်ရာတက္ကသိုလ် နှင့်    ဒီဂရီကောလိပ်များတွင်    ဆောင်ရွက်ကြရန်  ထပ်မံနှိုးဆော် လိုက်သည်။
အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန