ဘားအံ၊ ဘူးသီးတောင်၊ တာချီလိတ်နှင့် နောင်ချိုမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ဒီဇင်ဘာ ၁၆


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ် တွင် ဘားအံမြို့နယ်  ကော့ထော် ကျေးရွာရှိ ရော်ဘာခြံအနီးတွင် စောစိန်မြသိန်း(ခ)အမုန်း မောင်း နှင်လာသည့်        ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀ ကို  လည်း ကောင်း၊   ကွင်းဆက်အရ ညပိုင်း တွင်      ကော့ထော်ကျေးရွာနေ ညွန့်သန်း၏နေအိမ်သို့ ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကို   လည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲမှ   တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင် မြို့နယ် အလယ်ချောင်းကျေးရွာ အနီးရှိ ဓနိတောတွင် ဆာလာအိတ် တစ်လုံးကို   မသင်္ကာဖွယ်တွေ့ရှိ သဖြင့် ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိ ခဲ့သည်။

 


ထို့ပြင် ဒီဇင်ဘာ  ၁၅  ရက် ညနေ   ၃ နာရီခွဲတွင်   မူးယစ် ဆေးဝါး     တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည်  တာချီ လိတ်မြို့နယ်    ဖန်မင်ကျေးရွာ အုပ်စု     ဝမ်ကျောက်လုံကျေးရွာ အနီးတွင် အားဖီး  မောင်းနှင်ပြီး အားဆော်     လိုက်ပါလာသည့် ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ ကိုလည်းကောင်း၊ အလား တ  ယင်းနေ့  နံနက်    ၁၁  နာရီ ၁၅ မိနစ်တွင်    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်    နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး ကျေးရွာအနီး ရပ်စောက်-နောင်ချို သွားကားလမ်းတွင်    ရွှင်လန်း မောင်းနှင်လာသည့်   ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၀၀ကို  သိမ်း ဆည်းရမိခဲ့သဖြင့်   ၎င်းတို့အား    မူးယစ်ဆေးဝါးနှင့်    စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ 


ရဲပြန်ကြား