
နေပြည်တော် ဇူလိုင် ၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီခွဲက ဘားအံမြို့ အမှတ်(၅)ရပ်ကွက် အားကစားကွင်းရှေ့ ယာဉ်ရပ်နား သည့်နေရာ၌ ရန်အောင်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်း ကောင်း။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ် ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သာစည် မြို့နယ် မိတ္ထီလာ-တောင်ကြီးသွား ကားလမ်း မိုင်တိုင်အမှတ် ၂၀/၆ အနီးတွင် အောင်မျိုးဝင်း (ခ) အကရမ်း မောင်းနှင်ပြီး မယမုံစိုး (ခ) ယမုံ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဟိုပန် မြို့နယ် ရွှေဝါကျေးရွာအုပ်စု ရွှေဝါကျေးရွာနေ မအိုအွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား