ဘားအံမြို့နယ် ခနိမ်းဒိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၉၀ x ၃၀) ပေ တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်

ဘားအံ  ဇွန်  ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်  ငွေလုံးငွေရင်းပိုလျှံရန်ပုံငွေ(GRF)အဖြစ် ကရင် ပြည်နယ်အတွင်း ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းပေါင်း ၂၈ ခုကို ခွင့်ပြုဆောင်ရွက်လျက်ရှိရာ အဆိုပါ     တည်ဆောက်ရေးလုပ်ငန်းများအနက်မှ ခွင့်ပြုရန်ပုံငွေကျပ်    ၁၄၂   ဒသမ   ၈၁၃   သန်းဖြင့် ဆောင်ရွက်သော   ဘားအံမြို့နယ်   ခနိမ်းဒိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)    တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန်  ၁၃   ရက် နံနက်ပိုင်း က ကျင်းပသည်။
ဦးစွာ        ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများနှင့်    ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊      ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ခနိမ်းဒိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၏ (၉၀ပေ x ၃၀ပေ) Steel Structure တစ်ထပ်ကျောင်း ဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ တက် ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များ၊  ကျောင်းသား ကျောင်းသူ၊ ဘင်ခရာ၊ ပန်းပွား၊ အေရိုးဗစ်အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်၍     အဆိုပါအဖွဲ့ များအား     ဂုဏ်ပြုဆုငွေများ   ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည်    ကျောင်းဆောင်သစ်ကမ္ပည်းကြေးပြားအား    အမွှေးနံ့သာရည်များ   ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်ကို  လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍    တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်း ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကျောင်းဆောင်ကြီးအား ရေရှည်တည်တံ့ရန်နှင့် အစဉ်သန့်ရှင်းသာယာလှပစေရန် လက်ရှိကျောင်းတွင်တာဝန်ထမ်းဆောင်နေကြသော   ကျောင်းအုပ် ကြီးနှင့် ဆရာ ဆရာမများက ထိန်းသိမ်းစောင့်ရှောက် ပေးကြရမည်ဖြစ်ပြီး   လိုအပ်ချက်များရှိပါကလည်း ကျောင်းအကျိုးတော်ဆောင်၊      မိဘများက    ပံ့ပိုး ဖြည့်ဆည်းပေးရန်တိုက်တွန်းလိုကြောင်း၊      ဆရာ ဆရာမများအနေဖြင့်    ပညာရည်ထူးချွန်ပြီး     နိုင်ငံ အတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်လာအောင်  သင်ကြား ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက်     တာဝန်ယူဆောက်လုပ်ပေးသော နန်းအေးရိပ်ကုမ္ပဏီမှ ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို        ခရိုင်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်     တက်ရောက် လာသူများအား    ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။                       စောမျိုးမင်းသိန်း (ပြန်/ဆက်)