ဘေးကင်းရန်ကွာ ရဲဝံ့စွာနဲ့ နိုင်ငံ့ဝန်ကို ထမ်းနိုင်ကြပါစေ ….

စာတည်းထံပေးစာ

စာတည်းရှင့်


ကျွန်မရဲ့ ရင်ဖွင့်ပေးစာလေးကို ဆုတောင်းမေတ္တာပို့သခြင်းနဲ့ အစပြုပါရစေ။ “တိုင်းပြည်အနှစ် ပြည်သူချစ်တဲ့  ရှေ့တန်းရောက် ပြည်ချစ်သားတွေ ဘေးကင်းရန်ကွာ ရဲဝံ့စွာနဲ့နိုင်ငံ့ဝန်ကို ထမ်းနိုင်ကြပါစေ ….”  ။
ပြည်သူတွေ  ပို့သတဲ့   မေတ္တာဟာ ရှေ့တန်းရောက် နိုင်ငံ့တာဝန်ထမ်းဆောင် နေကြတဲ့ တပ်မတော်သား ပြည်ချစ်သား တွေအတွက်    “အား”       ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။  


ဒီလို    နိုင်ငံချစ်စိတ်၊    ပြည်သူချစ်စိတ် ကို     ရှေ့တန်းတင်ပြီး     ပြည်ထောင်စု တစ်ဝန်း တည်ငြိမ်အေးချမ်းစေဖို့ ပင်ပန်း ဆင်းရဲစွာ      ကိုယ်ကျိုးစွန့်     တာဝန် ထမ်းဆောင်မှုတွေကို     ပြည်သူတွေက အသိအမှတ်ပြု အစဉ်ဂုဏ်ယူကျေးဇူးတင် ရှိတာကို ပြည်သူတစ်ဦးအနေနဲ့  မမေ့ မလျော့ ပြောကြားပါရစေ။


တစ်ဦးက မေတ္တာ၊ တစ်ဦးကစေတနာ နဲ့   အေးချမ်းပျော်ရွှင်စွာ    အသက်ရှင် နေထိုင်ကြတာ ကျွန်မတို့ရဲ့ အမိမြေပါ။ သို့ပေငြား    လက်ရှိမှာ     တပ်မတော်ကို ရန်သူလို သဘောထား၊ အပြစ်မဲ့ပြည်သူ တွေကို     တစ်ဖက်သတ်အကြမ်းဖက် နေတဲ့    တိုင်းရင်းသား   လက်နက်ကိုင် တချို့တွေ၊   PDF   အမည်ခံ  အကြမ်း ဖက်တွေကြောင့်သာ   ရတက်မအေးရတဲ့    ဖြစ်စဉ်တွေ ပေါ်ပေါက်နေရတာ ဖြစ်ပါ တယ်။ အေးချမ်းသာယာတဲ့      အမိမြေကို လက်နက်သံ၊    ဗုံးသံတွေ   ပေါ်ပေါက် အောင် ဖန်တီးပြီး အရုပ်ဆိုးအကျည်းတန် စေပါတယ်။


တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့ တွေ၊ PDF အမည်ခံ အကြမ်းဖက်တွေရဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ပေါ်ပေါက်ရာ  ဒေသတွေမှာ ရပ်ရွာတည်ငြိမ်အေးချမ်း ပြီး     တရားဥပဒေစိုးမိုးမှု     အပြည့်အဝ ပြန်လည်ရရှိဖို့အတွက် တပ်မတော်သား တွေဟာ     အကြမ်းဖက်အဖွဲ့တွေကို တွန်းလှန်      တိုက်ထုတ်နေရပါတယ်။ တပ်မတော်သားတွေအနေနဲ့     အကြမ်း ဖက်မှု    ဖြစ်စဉ်တွေ    သံသရာမရှည် အောင်  အစွမ်းကုန်   အဆုံးသတ်နေကြ ရပါတယ်။


ဒီလို  ရှေ့တန်းရောက်  တပ်မတော် သားတွေရဲ့ ပင်ပန်းခံ၊ ဆင်းရဲခံပြီးအသက် ကိုပင်  စွန့်လွှတ်ကာ    တာဝန်ထမ်းဆောင် မှုတွေကို    အားဖြစ်စေဖို့     ပြည်သူတွေ ဘက်ကလည်း   အမြဲအားပေးနေသလို ရှေ့တန်းရောက်     ပြည်ချစ်သားတွေ အတွက်     တတ်အားသမျှ    ထောက်ပံ့ ကူညီမှုပြုနေကြပါတယ်။    တပ်မတော် သားဆိုတာကလည်း လူသားပေမို့  ဇာတိ ရပ်ရွာက  မိဘဆွေမျိုးတွေ အောက်မေ့ သတိရနေမည်သာ။ မိဝေးဖဝေး တာဝန် ထမ်းဆောင်ရတာမို့             ဖွယ်ဖွယ် ရာရာ  စားသောက်ဖွယ်တွေနဲ့   ဝေးနေ မည်သာ။


ပြည်သူတွေအနေနဲ့ တပ်မတော်သား တွေရဲ့ စိတ်ခံစားမှုတွေကို စာနာနားလည် ကြပါတယ်။    တပ်မတော်သားတွေကို အသိအမှတ်ပြု     ထောက်ခံအားပေးတဲ့ အနေနဲ့    စေတနာရှင်၊   အလှူရှင်တွေ၊ ပြည်သူတွေ၊ အသင်းအဖွဲ့တွေက တစ်ဦး ချင်းဖြစ်စေ၊  အဖွဲ့လိုက်ဖြစ်စေ ချီးမြှင့် ငွေနဲ့ အာဟာရဖြည့် စားသောက်ဖွယ်ရာ တွေကို     ပေးအပ်လှူဒါန်းပေးလျက်ရှိ ကြပါတယ်။  


တိုင်းရင်းသား       ပြည်သူအားလုံး နေထိုင်ရာ အမိနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်   နိုင်ငံတစ်ခု   ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက ပကတိခံစားမှု အနေနဲ့နိုင်ငံနဲ့  ပြည်သူအပေါ်  ကျရောက် လာနိုင်တဲ့    ပြည်တွင်းရန်၊  ပြည်ပရန်   အန္တရာယ်ဟူသမျှ   တပ်မတော်ကသာ ကာကွယ်ပေးနိုင်တာကို     နားလည်ထား ကြပါတယ်။  ဒါကြောင့်ပဲ တပ်မတော်နဲ့ ပြည်သူ   အတူတကွ   တည်ရှိနေတာ ဖြစ်ပါတယ်။   


စစ်တိုက်တဲ့အခါမှာ ငွေအား၊ လူအား   ပြည့်စုံဖို့    လိုအပ်တာ၊    ထောက်ပံ့မှု ကောင်းဖို့     လိုအပ်တာ၊  နောက်ကနေ စိတ်ဓာတ်ခွန်အားအရ    ပံ့ပိုးမှုကောင်းကောင်းလိုအပ်တာတွေကို ကြားသိဖူးပါ တယ်။ ဘဏ္ဍာငွေကြောင့် အခက်အခဲ ရှိရင် ပြောပါရှင့်။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့    ငွေကြေး    လှူဒါန်းဖို့လိုရင်  ပါဝင်ဖို့အသင့်ရှိပါတယ်ရှင်။      နိုင်ငံချစ် ပြည်သူတွေအနေနဲ့       စစ်ပွဲအတွက် လိုအပ်တာတွေ      ဝယ်ယူဖြည့်ဆည်းဖို့   တစ်တပ်တစ်အား   ပါဝင်လှူဒါန်းသွားပါ မယ်လို့ စာတည်းမှတစ်ဆင့် ရေးသား တင်ပြလိုက်ရပါတယ်။
တိုက်ပွဲတိုင်းနိုင်ပါစေ၊   အောင်ပွဲရယူ နိုင်ကြပါစေရှင်။


မေမြတ်မွန်