
ဘေရွတ် အောက်တိုဘာ ၁၅
ပြီးခဲ့သည့် နှစ်အတွင်းက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယင်း အခြင်းအရာနှင့် ပတ်သက်ပြီး တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လက်ဘနွန်နိုင်ငံတွင် လူခြောက်ဦး ထက်မနည်း ပစ်သတ်ခံခဲ့ရသည် ဟု သိရသည်။ လူအချို့ ဒဏ်ရာရရှိ ခဲ့သည်။ အောက်တိုဘာ ၁၄ ရက် က ဘေရွတ်မြို့ လမ်းမထက်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည့် အရာရှိများကို ဖြုတ်ပစ်ရန် တောင်းဆိုမှုအတွက် လူများ စုဝေးခဲ့ရာ ယင်းသို့ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဟစ်ဇ်ဘိုလာနှင့် ရှီယိုက် မဟာမိတ်များက ဆော်ဒီအာရေဗျ နှင့် နီးကပ်သော ဆက်ဆံရေး ရှိသည့် လက်ဘနွန်အင်အားစု သည် ၎င်းတို့ကို ထောက်ခံသူ များအား ပစ်မှတ်ထားခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ လက်ဘနွန် တပ်ဖွဲ့ကမူ သေနတ်သမားကို လိုက်လံရှာဖွေလျက်ရှိသည်။
လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ပကာတီကမူ အဆိုပါ အကြမ်း ဖက်မှုကို တိုင်းပြည်အတွက် ဆုတ်ယုတ်မှုတစ်ခုဟု ပြောကြား ခဲ့သည်။ တိုင်းပြည်မှာ ခက်ခဲ သည့် ကာလအတွင်း ဖြတ်ကျော် နေကြောင်းနှင့် ပြန်လည်နာလန် မထူနိုင်သေးမီ ကျော်ဖြတ်ရမည့် အဆင့်များရှိကြောင်း ပြောသည်။
ပြီးခဲ့သည့် နှစ်အတွင်း ဘေရွတ်မြို့တွင် ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါပေါက်ကွဲမှုနှင့် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေများ ကြောင့် တိုင်းပြည်၏စီးပွားရေး အကျပ်အတည်းကို ဖြေရှင်း ရာတွင် အခက်တွေ့စေခဲ့သည်။
အင်န်အိတ်ချ်ကေ