
ဘဂ္ဂဒက် နိုဝင်ဘာ ၁၄
ဘီလာရုစ်နိုင်ငံမှ အီရတ်နိုင်ငံသို့ မိမိတို့သဘော ဆန္ဒအလျောက် ပြန်လာလိုသည့် ရွှေ့ပြောင်း နေထိုင်သူများကို ပြန်ခေါ်ရန် အတွက် အရေးပေါ်ကယ်ဆယ် ရေး လေယာဉ်စေလွှတ်ပေးရန် နိုဝင်ဘာ ၁၃ ရက်တွင် အီရတ် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ သည်။
ဘီလာရုစ် - ပိုလန်နယ်စပ် တွင် သောင်တင်နေသည့် အီရတ် နိုင်ငံသားများ၏ အခြေအနေကို အီရတ်အစိုးရက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ အီရတ် နိုင်ငံသို့ ပြန်လာလိုသူများကို ပြန်ခေါ်ရန်အတွက် လေယာဉ် စေလွှတ်မည်ဖြစ်ကြောင်း အီရတ် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာဒုတိယဝန်ကြီး ခါရမ် အယ်နူရီ ကပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်တွင် လူကုန်ကူးဂိုဏ်းများ ထံမှ အီရတ်ရွှေ့ပြောင်းနေထိုင်သူ များကို ကယ်တင်နိုင်ရန် အတွက် ဘီလာရုစ်နိုင်ငံသို့ တိုက်ရိုက်ပျံသန်းမှုကို ဆိုင်းငံ့ လိုက်ကြောင်း အီရတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကြေညာခဲ့ သည်။
ရုရှားနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ ရှိ အီရတ်သံရုံးများကလည်း မိမိ သဘောဆန္ဒအလျောက် နေရပ် ပြန်လာလိုသူများကို ပြန်ခေါ်နိုင် ရေးကြိုးပမ်းနေသည်ဟု အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ အာမက်အယ် ဆာဟာ့ဖ်က ပြောသည်။ နိုဝင် ဘာ ၁၂ ရက်တွင် တူရကီ လေ ကြောင်းလိုင်းကလည်း အီရတ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသား များကို တူရကီ -ဘီလာရုစ်ခရီး စဉ်သို့ လိုက်ပါခွင့်မပြုတော့ ကြောင်း ကြေညာခဲ့သည်။ ဥရောပ နိုင်ငံများထံ ခိုလှုံခွင့်တောင်းခံ ရန်အတွက် ပိုလန်နှင့် ဂျာမနီ နိုင်ငံတို့ထံ ဝင်ရောက်ခွင့်ရရေး ဘီလာရုစ် နယ်စပ်ဘက်ခြမ်း တွင် စုဝေးနေသည့် ရွှေ့ပြောင်း နေထိုင်သူ ထောင်နှင့်ချီ၍ ရှိနေ ကြောင်း သိရသည်။
ဆင်ဟွာ