ဘီးလင်းမြို့နယ် ရန်ကုန် - မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမပေါ်ရှိ တံတားတစ်စင်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်  မေ   ၂၃
အကြမ်းဖက်သမားများသည် နိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့်   တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်း    ကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး    လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို    အဟန့် အတားဖြစ်စေရန် စသည့်ရည်ရွယ် ချက်များဖြင့် အများပြည်သူအသုံး ပြုနေသည့် လမ်း၊ တံတားများနှင့် မီးရထားလမ်းများကို မိုင်းထောင် ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက် အဦများ၊    စာသင်ကျောင်းများ၊ အများပြည်သူ    နေထိုင်လျက်ရှိ သောနေအိမ်များအား    မီးရှို့ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ   နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို ပြည်သူ များ သိရှိပြီးဖြစ်သည်။ 
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အများပြည်သူ အားထားအသုံးပြု လျက်ရှိသည့် မွန်ပြည်နယ် ဘီးလင်း မြို့နယ်  ရန်ကုန်   -   မော်လမြိုင် သွား ပြည်ထောင်စုလမ်းမ    ပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၂၉/၁ နှင့် ၁၂၉/၂ ကြား၊ တံတားအမှတ်  (၁/၁၃၀)၊ အရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား   မစောတံတားကို ယနေ့နံနက်   ၅   နာရီခန့်တွင်  KNLA  အဖွဲ့မှ    အကြမ်းဖက်မှု လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲ    ဖျက်ဆီးခဲ့ သဖြင့်    တံတားပြိုကျ    ပျက်စီးမှု ဖြစ်ပွားခဲ့သည်။  ထိုသို့  တံတား ကို မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားပေါ်တွင်      ဖြတ်သန်း မောင်းနှင်နေသည့်   မော်တော် ဆိုင်ကယ် သုံးစီး တံတားအောက် သို့ပြုတ်ကျခဲ့ပြီး ခရီးသွားပြည်သူ တစ်ဦး သေဆုံး၍   နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူ    နှစ်ဦးအား      ဘီးလင်း မြို့  ပြည်သူ့ဆေးရုံသို့     ပို့ဆောင် ဆေးကုသမှု     ခံယူစေလျက်ရှိ ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများ အနေ ဖြင့်   အများပြည်သူသွားလာမှု ခက်ခဲစေရန်နှင့်   အထိတ်တလန့် ဖြစ်ပြီး     ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို      ထိခိုက် ဆုံးရှုံးမှုဖြစ်စေပြီး   တည်ငြိမ်မှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေး နှင့်မသက်ဆိုင်သော     အများ ပြည်သူ    အသုံးပြုလျက်ရှိသည့် လမ်းတံတားများအား   ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ် မှု(War Crime)ကို ကျူးလွန်ခြင်း ဖြစ်သည်။
အဆိုပါ    မိုင်းခွဲဖျက်ဆီးမှု ကြောင့် လက်ရှိတွင် လူနှင့်ယာဉ် ကြီး/ယာဉ်ငယ်များ   ဖြတ်သန်း သွားလာရန်    အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့်   တံတား ပျက်စီးမှုအား     သက်ဆိုင်ရာ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်း များနှင့်      တာဝန်ရှိသူများက  အမြန်ဆုံး      ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်    အကြမ်းဖက်ချေမှုန်းရေး    စစ်ဆင်ရေး (Counter-Terrorism Operation)  ကို       ဆက်လက် ဆောင်ရွက်လျက်     ရှိကြောင်း     သတင်းရရှိသည်။
သတင်းစဉ်