ဘိုကလေးမြို့နယ်၌ မိကျောင်းဆွဲခံရသူတစ်ဦး ဆေးဝါးကုသနေရ

 

ဘိုကလေး   ဇွန်   ၁၈


ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ရေကျော်တိုးကျေးရွာအုပ်စု ကျွန်းသစ်စု ကျေးရွာနေ အသက်(၅၂နှစ်)အရွယ်  ဦးမြဝင်းသည်  ကျွန်းသစ်စုချောင်းထဲသို့ ဇွန် ၁၆ ရက် ညနေ ၄ နာရီခန့်က ရေချိုးဆင်းရာ မိကျောင်းဆွဲခံရပြီး ဘယ်လက်ဆစ် ပြတ်ရှဒဏ်ရာနှင့် ပေါင်တွင်  လက်သည်းခြစ်ဒဏ်ရာများရရှိခဲ့သဖြင့်   ယခုအခါ    ဖျာပုံ ခုတင် (၂၀၀) ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူလျက် ရှိပြီး ဆေးဝါးကုသစရိတ် ထောက်ပံ့ကူညီနိုင်ရေး   မြို့နယ်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနက  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 


ယခုဖြစ်ပွားသည့် ရေကျော်တိုးကျေးရွာအုပ်စုသည်   ဒီရေတောဒေသတစ်ခု ဖြစ်ပြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိ ကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်နေသည်။   သဘာဝဒီရေတောများ သည် ရေချိုရေငန်စပ်မိကျောင်းများ မျိုးပွားခိုလှုံ၊   ကျက်စားသည့်  နေရာများ ဖြစ်သည့်အပြင် ယခုရာသီ ဧပြီလမှ ဇွန်လအထိ မိကျောင်းများ၏ သဘာဝ အမူအကျင့်အရ မိတ်လိုက်ရာသီဖြစ်သည့်အတွက် ဒီရေတောများနှင့် ဆက်စပ် နေထိုင်ကြသူများအဖို့  မိကျောင်းအန္တရာယ်ရှိနေသည်။  သက်ဆိုင်ရာ  တာဝန်ရှိသူ များကလည်း ချောင်းကမ်းစပ်များ၌ တိရစ္ဆာန်များ   မွေးမြူလွှတ်ကျောင်းရန် မသင့်ကြောင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် ချောင်းအတွင်း ရေချိုးဆင်းသူ များ  မိကျောင်းအန္တရာယ်သတိပြုရန်   သတိပေးနှိုးဆော်ထားကြောင်း   သိရ သည်။                    

                                         
  မိုးစက်(ဘိုကလေး)