ဘိုကလေးမြို့နယ်ရှိ တာဝတိံသာဘုရား လှေကားစောင်းတန်း ပြိုကျပျက်စီး

 

ဘိုကလေး    ဧပြီ   ၂၉


ဧရာဝတီတိုင်းဒေသကြီး   ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ   အောင်စကြာစေတီတော် ဝင်း၌ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့်   တာဝတိံသာဘုရား၏ လှေကားစောင်းတန်းသည် ကာလအဆက်ဆက် သဘာဝဘေးဒဏ်ခံခဲ့ရမှုကြောင့် ယနေ့ နံနက် ၂ နာရီခန့်က ပြိုကျပျက်စီးခဲ့သည်။

 


ပြိုကျပျက်စီးချိန်သည်   စေတီဝင်းအတွင်း   ဘုရားဖူးများမရှိသည့်အချိန်ဖြစ်သည့် အတွက်   လူထိခိုက်မှုမရှိကြောင်းနှင့်   အဆိုပါ   တာဝတိံသာဘုရားသည်   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခဲ့သည့်   ယခင်နှစ်များမှလွဲ၍   နှစ်စဉ်နှစ်တိုင်း   သီတင်းကျွတ်လ အခါတွင် တာဝတိံသာဘုရားဆင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။                                         
 မိုးစက်(ဘိုကလေး)