
ဒါကာ နိုဝင်ဘာ ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြို့တော် ဒါကာရှိ အခြေခံလူတန်းစားများ အား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရ သည်။
အခြေခံလူတန်းစား ထောင် ပေါင်းများစွာသည် ပထမဆုံး အကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးမှုခံယူခဲ့ကြောင်း သိရ သည်။
ပထမဆုံးနေ့တွင် ဆင်းရဲသား ရပ်ကွက်များတွင် နေထိုင်သည့် ဆင်းရဲသား ၁၅၀၀၀ ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် မျှော်မှန်းထားကြောင်း ဒါကာ မြောက်ပိုင်းမြို့တော် ကော်ပိုရေး ရှင်းမှ အရာရှိတစ်ဦးဖြစ်သူ မက်ဆီလင်းရီဇာက ပြောသည်။
အခြေခံလူတန်းစားသုံးသိန်း နေထိုင်သည့် ကိုရေးရပ်ကွက် ၌ ကာကွယ်ဆေးထိုးပြီးနောက် တခြား ဆင်းရဲသားရပ်ကွက်များ တွင်လည်း ကာကွယ်ဆေး တိုးချဲ့ ထိုးနှံမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်။
ဇန်နဝါရီလက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ဆေး ဖြန့်ချိထိုးနှံမှုများလုပ်ဆောင် ခဲ့သော်လည်း အိန္ဒိယက တင်ပို့မှု ရပ်ဆိုင်းလိုက်သောကြောင့် ဧပြီ လတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးမှုများ ရပ်ဆိုင်းခဲ့သည်။
တရုတ်နိုင်ငံက လှူဒါန်းထား သည့် ဆီနိုဖမ်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဖြင့် ဇွန်လ တွင် ကာကွယ်ဆေးထိုးမှုများ ပြန်လည်စတင်ခဲ့သည်။
ဆင်ဟွာ