
ဒါကာ ဒီဇင်ဘာ ၃၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့်နှစ် ဇန်နဝါရီလမှစတင်၍ တစ်လလျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ထိုးနှံပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလီကေးက ပြောကြား သည်။'
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည့်အတွက် ကမ္ဘာ က ချီးကျူးခံခဲ့ရကြောင်းလည်း ကျန်းမာ ရေးဝန်ကြီး ဇာဟစ်မာလီကေးက ပြောကြားသည်။
သို့ရာတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိနေခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ခု တည်းဖြင့် အဆိုပါကူးစက်မှုကို ထိန်းချုပ် နိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလီကေးက သတိပေးပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီလအတွင်းက စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံရာ၌ ရောဂါ တိုက်ဖျက်ရာတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနေသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် အသက်အရွယ်ကြီးသူ များအား ဦးစားပေးထိုးနှံပေးမည်ဖြစ် ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေး ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူ ဟော့စိန်မီယာက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
r