
ဒါကာ နိုဝင်ဘာ ၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုဝင်ဘာ ၂၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူမရှိခြင်းကြောင့် ၁၉ လတာကာလအတွင်း ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု မရှိခဲ့ခြင်းဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက် မှစတင်ကာ ယခုနှစ် နိုဝင်ဘာ ၂၀ ရက်မတိုင်မီ အထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
သိသိသာသာလျော့ကျမှု ရှိခဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူအရေအတွက် မြင့်တက် လာခြင်းကြောင့် ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူ အရေအတွက်သည် သိသိသာသာလျော့ကျမှု ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကူးစက်ခံရသူ ၁၇၈ ဦးရှိခြင်းကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၁၅၇၃၈၈၉ ဦးရှိကြောင်း နှင့် သေဆုံးသူပေါင်း ၂၇၉၄၆ ဦးရှိကြောင်း သိရ သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၁၉၀ ထပ်မံတွေ့ရှိရသဖြင့် ပြန်လည် ကျန်းမာလာသူပေါင်း ၁၅၃၈၀၀၆ ဦးရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်