ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၄၈၀၄ ဦး ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရ

ဒါကာ   သြဂုတ်   ၂၂ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၀၄ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ    နိုင်ငံအတွင်း၌  ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၄၆၁၉၉၈ ဦးရှိလာပြီဖြစ်သည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၃၉ ဦး ထပ်မံသေဆုံးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် သေဆုံးသူပေါင်း ၂၅၂၈၂ ဦးရှိလာကြောင်း သိရသည်။ 
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၈၄၅၃ ဦး   ကျန်းမာရေးအခြေအနေ  ပြန်လည်ကောင်းမွန် လာသည့်အတွက် ဆေးရုံများမှ ပြန်ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၃၆၃၈၇၄ ဦးရှိလာသည်။ 


နိုင်ငံအတွင်း၌  ကိုဗစ်-၁၉   ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ၁ ဒသမ ၇၃ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာလာသူနှုန်းသည် ၉၃ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌    ဇူလိုင်  ၂၈  ရက်က ဗိုင်းရပ်စ်ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိရပြီး သြဂုတ် ၅ ရက်တွင် သေဆုံးသူ ၂၆၄ ဦး စံချိန်တင်တွေ့ရှိကြောင်း သိရသည်။                          

 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်