ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တတိယအကြိမ် အပိုဆောင်းထိုးနှံမှုစတင်

ဒါကာ   ဒီဇင်ဘာ  ၁၉


ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်အပိုဆောင်း ထိုးနှံမှုကို ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။


မြို့တော်ဒါကာ၌     စတင်ဆောင်ရွက်ခဲ့သည့် အဆိုပါကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးတတိယ အကြိမ် အပိုဆောင်းထိုးနှံမှုစတင်ခြင်း အခမ်းအနား သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဇာဟစ် မာလီကေး တက်ရောက်ခဲ့ပြီး    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ်အပိုဆောင်းထိုးနှံမှုတွင် သူနာပြုရူနူဗီရိုနီကာက ပထမဆုံးစတင်ထိုးနှံ မှု ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌    ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနေသူများ နှင့် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ်အပိုဆောင်းထိုးနှံမှုတွင် ဦးစားပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဇာဟစ်မာလီကေးက ပြောကြားသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် နိုင်ငံ တစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်