
ဒါကာ ဒီဇင်ဘာ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့ ရေယာဉ်မီးလောင်မှုကြောင့် လူ ၃၈ဦးထက်မနည်း သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။
အဆိုပါ ရေယာဉ်ပေါ်တွင် လူပေါင်း ၃၀၀ ကျော်ကို တင် ဆောင်လာခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက် တွင် မြို့တော် ဒါကာမှ တောင်ပိုင်း ခရိုင် ဘာဂူနာသို့ ထွက်ခွာလာ သည့် ရေယာဉ်လည်းဖြစ်သည်။
ဒဏ်ရာရရှိသဖြင့် ဆေးရုံ တွင် ဆေးကုသမှုခံယူနေသူ ၆၀ ကျော်ရှိ သည်ဟု အာဏာပိုင်များ က ပြောသည်။
သေဆုံးသူ ဦးရေမှာလည်း ထပ်တိုးလာနိုင်သေးသည်ဟု သိရ သည်။ ရေယာဉ်၏အတွင်းပိုင်း မီးလောင်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာသည်။ ရေယာဉ် အင်ဂျင်အခန်းမှ စတင်မီးလောင် သည်ဟု ယူဆဖွယ်ရှိသည်။
မြစ်ချောင်း အင်းအိုင်များပေါ များသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၌ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးမှာ အထူးအရေးပါ သည်။
သို့သော်လည်း ရေယာဉ်များ မတော်တဆဖြစ်ခြင်းနှင့် မီး လောင်ခြင်းတို့မှာ ဖြစ်လေ့ ဖြစ်ထရှိသည့် ကိစ္စများဖြစ်သည်။
အင်န်အိတ်ချ်ကေ