
ဒါကာ ဇူလိုင် ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၁၅၂၅ ဦးရှိကြောင်းဖော်ပြမှုနှင့်အတူ တစ်နေ့အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ခဲ့ကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၉၆၆၄၀၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
တရားဝင်စာရင်းထုတ်ပြန်ဖော်ပြချက်များအရ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ကြောင့် ၁၆၃ ဦးထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၁၅၃၉၂ ဦးအထိ တိုးလာခဲ့သည်။
သေဆုံးသူမြင့်တက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုပေါင်း ၃၆၆၃၁ ခုပြုလုပ်ခဲ့သည်။
ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာပြီး ဆေးရုံမှဆင်းသွားသူ ၅၄၃၃ ဦးထပ်တိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၈၄၄၅၁၅ ဦးရှိလာခဲ့သည်။
တရားဝင်စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သေဆုံးနှုန်း သည် ယခုအခါတွင် ၁ ဒသမ ၅၉ ရာခိုင်နှုန်းဖြစ်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သောလကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပြန်လည်တိုးလာခဲ့သည်။
ကန့်သတ်ပိတ်ဆို့မှုချမှတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် ဇူလိုင် ၁ ရက်မှစကာ တစ်ပတ်ကြာ တင်းကျပ်သည့် အလုံပိတ်ကန့်သတ် ပိတ်ဆို့မှုချမှတ်ခဲ့သည်။
ဆင်ဟွာ