
ဒါကာ စက်တင်ဘာ ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စာသင် ကျောင်းများနှင့် ကောလိပ်များကို စက်တင်ဘာ ၁၂ ရက်မှစတင်ကာ ပြန်လည် ဖွင့်လှစ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာ သည်။
ဘင်္ဂလားဒေ့ရှ်တွင် ကျောင်း များ ပိတ်ထားရသည်မှာ ၁၈ လ တာ ရှိနေပြီဖြစ်သည်။ ပညာရေး ဝန်ကြီး ဒီပူမိုနီက စက်တင်ဘာ ၃ ရက်တွင် ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။
တိုင်းပြည်အတွင်း ကိုဗစ်-၁၉ အခြေအနေကို မူတည်ကာ စာသင်ချိန်များ တိုးမြှင့်သတ်မှတ် သွားမည်ဟု ပညာရေးဝန်ကြီးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ သည် အစောပိုင်းက ကျောင်းများ ကို အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်သွားမည်ဟု ကြေညာ ခဲ့သည်။
ပြီးခဲ့သည့်နှစ် မတ်လအတွင်း မှစတင်ကာ ကိုဗစ်-၁၉ အခြေ အနေကြောင့် အလယ်တန်း ကျောင်းများနှင့် အထက်တန်း ကျောင်းများကို ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။
လွန်ခဲ့သည့်နှစ် မတ်လ အတွင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခရိုင်များအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ပျံ့နှံ့ခဲ့ သည်။
ကိုဗစ်-၁၉ ကူးစက်ခံရသူ ပေါင်း ၁၅၁၀၂၈၃ ဦးအထိရှိပြီး သေဆုံးသူ စုစုပေါင်းမှာလည်း ၂၆၄၃၂ ဦးရှိသည်။
ဆင်ဟွာ