
ဒါကာ နိုဝင်ဘာ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုး ပေးသည့်အစီအစဉ်မှာ ယခုအချိန်အထိ ကာကွယ် ဆေး အလုံးရေ သန်း ၇၀ ထိုးနှံပေးပြီးဖြစ်ရာ ယခုနှုန်း အတိုင်းသာ ဆက်လက်ထိုးပေးနိုင်ပါက လာမည့်နှစ် ဇန်နဝါရီတွင် ကာကွယ်ဆေးအလုံးရေ သန်း ၁၂၀ အထိ ထိုးနှံပေးနိုင်ရေး မျှော်မှန်းထားသည်ဟုဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီး ဇာဟိဒ် မလက်ခ် ကပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကိုဗစ် - ၁၉ ကာကွယ် ဆေး သန်း ၂၁၀ ကို ဝယ်ယူထားသည်ဟုလည်း သိရ သည်။ ကာကွယ်ဆေးပြတ်တောက်မည့်အရေး စိုးရိမ် စရာ မလိုအပ်ဟုလည်း နိုဝင်ဘာ ၇ ရက်တွင် ကျန်းမာရေးဝန်ကြီးက ပြောသည်။ ယခုလအတွင်း နောက်ထပ် မှာယူထားသည့် ကာကွယ်ဆေးအလုံး ရေသန်း ၃၀ ထပ်မံရောက်ရှိမည်ဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေးအလုံးရေ သန်း ၃၀ မှာလည်း ဒီဇင်ဘာ လအတွင်း ရောက်ရှိမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာနှင့်အခြား သော မြို့များတွင်လည်း ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းများမှာ အဆင်ပြေချောမွေ့လျက်ရှိ သည်ဟု သိရသည်။ ဆင်ဟွာ