ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပေါက်ကွဲမှုအပြီး အဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး 


 

ဒါကာ  ဇွန်  ၂၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံ  မြို့တော်ဒါကာတွင် ဇွန် ၂၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်  အဆောက်အအုံပြိုကျခဲ့ရာ လူ ခုနစ်ဦး သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 
ပေါက်ကွဲမှုအတွင်း လူခုနစ်ဦးသေဆုံးခဲ့သည်ဟု ဒါကာရဲဌာနမှ ကော်မရှင်နာ ရှာဖီကွယ်အစ္စလမ်က ပြောသည်။ ဒဏ်ရာရရှိသူ ၅၀ ထက်မနည်းရှိသည်ဟု သိရသည်။ ပေါက်ကွဲမှုဖြစ်စဉ်မှာ ည ၇ နာရီခွဲဝန်းကျင် တွင်  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
ဆိုးဆိုးရွားရွားပျက်စီး
အဆောက်အအုံအတွင်း စားသောက်ဆိုင်များနှင့်  ဈေးဆိုင်များ၊ နေအိမ်များရှိသည့်အတွက် မည်သည့် အတွက်ကြောင့်  ပေါက်ကွဲမှုဖြစ်ရသည်ကိုမူ  မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ ပေါက်ကွဲမှု    ဖြစ်စဉ်ကြောင့်   ဘတ်စ်ကားနှစ်စီးလည်း   ဆိုးဆိုးရွားရွားပျက်စီးခဲ့ရသည်။ 
ဆင်ဟွာ