
ဒါကာ နိုဝင်ဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် လူသားများတွင် စမ်းသပ်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်သည်။
ပြည်တွင်းဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီဖြစ် သည့် Globe Biotech က စမ်းသပ်ထုတ်လုပ်လျက် ရှိသော ဘန်ဂါဗက်ကာကွယ်ဆေးသည် နိုဝင်ဘာ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်ဆေးဘက်ဆိုင်ရာ သုတေ သနကောင်စီ၏ ခွင့်ပြုချက်ရရှိခဲ့သည်။ ကောင်စီက တိရစ္ဆာန်များတွင် စမ်းသပ်မှုရလဒ်များကို လေ့လာ သုံးသပ်ပြီးနောက် ယခုလို လူသားများတွင် စမ်းသပ် ရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
မိမိတို့သည် ကျန်းမာရေးကောင်းသည့် အရွယ် ရောက်ပြီးသူ ၆၄ ဦးအထိ ပါဝင်စမ်းသပ်ရန် ဘင်္ဂလား ဒေ့ရှ်ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီမှ ခွင့်ပြု ချက်ရရှိထားကြောင်း Globe Biotech မှ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သူ မိုဟာမက် မိုဟစ်ဒင်က သတင်း ထောက်များကို ပြောကြားလိုက်သည်။
Globe Biotech ကုမ္ပဏီသည် လူသားများတွင် စမ်းသပ်ခွင့်ရရှိရန် နိုဝင်ဘာ ၁ ရက်က လျှောက်ထား ခဲ့သည်။ Globe Biotech ကုမ္ပဏီက ၎င်း၏ ကာကွယ် ဆေးသည် မျောက်များတွင် စမ်းသပ်ချက်များအရ ကောင်းမွန်သည့် ရလဒ်များရရှိခဲ့ကြောင်း ပြောသည်။
အဆိုပါကာကွယ်ဆေးကို ၄ ဒီဂရီဆဲလ်စီးယပ် တွင် တစ်လကြာထားသိုနိုင်မည်ဖြစ်ပြီး အနုတ် ၂၀ ဒီဂရီ ဆဲလ်စီးယပ်အောက်တွင် ခြောက်လအထိ ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆင်ဟွာ