ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

နေပြည်တော်   ဇွန်   ၂၈
ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (ဩရိဿမြောက်ပိုင်း ကမ်းလွန်)တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေသည်။  အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။      မိုး/ဇလ