ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ အချိန်တိုင်းထွာချက်များအရ   ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်      ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်     အနောက် အလယ်ပိုင်း၊  အိန္ဒိယနိုင်ငံ  ဩရိဿ ပြည်နယ်ကမ်းလွန်နှင့် အင်ဒရာပရာဒေ့ရှ် ပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော   မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ ပြီး   မြန်မာနိုင်ငံ   ကျောက်ဖြူမြို့၏ အနောက်ဘက်  ရေမိုင် ၄၃၀  မိုင်ခန့်၊ စစ်တွေမြို့၏   အနောက် - အနောက် တောင်ဘက်   ရေမိုင်   ၃၉၅   မိုင်ခန့်၊အိန္ဒိယနိုင်ငံ ပူရီမြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင်၂၅ မိုင်ခန့်၊ ဂိုလ်ပါပူ မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၅ မိုင်ခန့် အကွာ       ပင်လယ်ပြင်ကို     ဗဟိုပြုနေ သည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်၏ တည်နေရာ၊
ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ  မုန်တိုင်းငယ်သည်   မြန်မာ စံတော်ချိန် ညနေ ၅ နာရီခွဲတွင်  မြောက် လတ္တီကျု ၁၉ ဒသမ ၄ ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၈၆ ဒသမ ၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား  ၉၉၂   ဟက်တိုပါ စကယ်နှင့်  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့် ဖြစ်သည်။
နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ      မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင် ပြီး နောက် ၁၈နာရီအတွင်း အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်ကမ်းခြေကို  ပူရီမြို့ အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ သည်။ ထို့နောက်  မုန်တိုင်းငယ်သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားကာ   ဩရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ ရောက်ရှိ ကာ တဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ   မုန်တိုင်းငယ်၏  အရှိန် ကြောင့် ယနေ့ညမှ ဇူလိုင်  ၂၁  ရက် အတွင်း ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့်  ရခိုင်ပြည်နယ်တို့တွင်  နေရာအနှံ့ အပြား  မိုးထစ်ချုန်းရွာပြီး  အချို့နေရာ များတွင်    ဒေသအလိုက်နှင့်   နေရာ ကွက်၍      မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ    ဖြစ်ပေါ် နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန် ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ   လှိုင်းအလွန်ကြီးမည်။
မိုးသက်လေပြင်းကျစဉ်    ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ   တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ  မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့်      ကမ်းလွန်ပင်လယ်ပြင် တို့တွင်   ၉   ပေမှ  ၁၄   ပေခန့်   ရှိနိုင် သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏ အရှိန် ကြောင့်    မိုးသည်းထန်စွာရွာသွန်းခြင်း နှင့်အတူ    လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်   သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့်   ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်      မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူ များအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်     ကမ်းလွန် ပင်လယ်ပြင်တို့ရှိ  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း   ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
 မိုး/ဇလ