
ဆော်ပေါ်လို နိုဝင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမည်ကို စိုးရွံ့သော ကြောင့် ဘရာဇီးနိုင်ငံ ဆော်ပိုလိုနှင့် မီနက်စ်ဂီရေ့စ် ပြည်နယ် အရှေ့တောင်ပိုင်းရှိ ၅၈ မြို့နယ်ထက်မနည်း ၂၀၂၂ ကာနီဗယ်ပွဲတော် အခမ်းအနားကျင်းပခြင်းများ ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ဒုတိယအကျော့ ကူးစက်ဖြစ်ပွားပြီး သေဆုံးမှုများနေစဉ် ၂၀၂၁ ခုနှစ်တွင်လည်း အကျော် ကြားဆုံး ဘရာဇီးပွဲတော်များကို ဖျက်သိမ်းခဲ့ရသည်။
ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက် အရ မီနက်စ်ဂီရေ့စ်ရှိ လေးမြို့နှင့် ဆော်ပေါ်လို ပြည်နယ်ရှိ ၅၄ မြို့တွင် ကိုဗစ်-၁၉ စိုးရွံ့မှုကြောင့် ယခုနှစ်ပွဲတော်များကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကာနီဗယ်ပွဲတော်အတွင်း နိုင်ငံအနှံ့မှ ပြည်သူ များ လာရောက်လေ့ရှိကြသဖြင့် မိမိတို့အနေဖြင့် စွန့်စွန့်စားစားဖြင့်အန္တရာယ်ယူပြီး လုပ်ရမည့်ကိစ္စ များကို မလုပ်လိုတော့ကြောင်း မြို့တော်ဝန် ဖရန်ကာ အလက်ဇန်ဒရီ ဖာရီရာက သတင်းထောက်များကို ပြောကြားလိုက်သည်။
ထို့အပြင် မြို့အတော်များများတွင် ငွေရေး ကြေးရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။
ဆင်ဟွာ