
ရီယိုဒီဂျနေးယိုး နိုဝင်ဘာ ၂၀
ဘရာဇီးနိုင်ငံ၌ ဇန်နဝါရီလ အတွင်း ကိုဗစ် -၁၉ ကာကွယ် ဆေး စတင်ထိုးပေးသည့်အချိန်မှ စတင်ကာ ကာကွယ်ဆေးအလုံး ရေသန်း ၃၀၀ ကျော်ကို ထိုးနှံပေး ပြီးဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။
ပထမအကြိမ် ကာကွယ် ဆေးထိုးပြီးသူ အရေအတွက်မှာ ၁၅၇ ဒသမ ၆ သန်းရှိပြီး နှစ်ကြိမ် အပြည့် ထိုးပြီးသူအရေအတွက် မှာ ၁၂၉ ဒသမ ၈ သန်း ရှိပြီ ဖြစ်သည်။ သတ်မှတ်ထားသော လူဦးရေ၏ ၇၃ ဒသမ ၃ ရာခိုင်နှုန်း ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။
ပြည်နယ်များသို့ ကာကွယ် ဆေးအလုံးရေ ၃၆၀ ဒသမ ၆ သန်းကျော် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင် နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင် ရေးလှုပ်ရှားမှုကို နိုဝင်ဘာ ၂၀ ရက်တွင် စတင်ပြီဖြစ်သည်။
ယခု သီတင်းပတ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် များမှာလည်း ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံခွင့်ရမည်ဖြစ်သည်။ တတိယ အကြိမ် ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၁၂ ဒသမ ၇ သန်းရှိပြီ ဖြစ်သည်။
ဆင်ဟွာ