
ဆော်ပိုလို နိုဝင်ဘာ ၁
ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တွင် အောက်တိုဘာ ၃၁ ရက်တွင် လိုဏ်ဂူပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားကိုးဦး သေဆုံးပြီး တစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။ မီးသတ် သမား ၂၆ ဦးသည် အောက်တိုဘာ ၃၁ ရက်က လိုဏ်ဂူအတွင်း လေ့ကျင့်မှုပြုလုပ်နေစဉ် လိုဏ်ဂူ ပြိုကျမှု ဖြစ်ပွားခဲ့သည်။ နာရီပေါင်း ၂၀ ကြာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး နောက် မီးသတ်သမားကိုးဦး၏ အလောင်းကို တွေ့ရှိခဲ့သည်။
အသက်ရှင်ကယ်တင်နိုင်ခဲ့သည့် တစ်ဦးကိုမူ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်ဌာန က သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသွားသူများ ထဲတွင် အမျိုးသမီး မီးသတ်သမားနှစ်ဦး ပါဝင်သည်ဟု သိရသည်။ ဆင်ဟွာ