ဘရာဇီးသမ္မတ၏ ကျန်းမာရေးအခြေအနေ  ကောင်းမွန်တည်ငြိမ်သွားပြီဖြစ်ကြောင်း ဆေးအဖွဲ့ပြော

 

 

ဆော်ပေါ်လို  ဇန်နဝါရီ  ၄ 
အူအတွင်းပိတ်ဆို့မှုဖြင့် ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက ဆေးရုံ တက်ခဲ့သော ဘရာဇီးသမ္မတ ဂျာဘော်ဆွန်နာရို၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်သော်လည်း ဆေးရုံမှဆင်းရန် မျှော်လင့်၍မရသေးကြောင်း  ဆော်ပေါ်လိုရှိ  ဗီလာနိုဗာစတား ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
သတင်းလွှာထုတ်ပြန်မှုအရ ဘော်ဆွန်နာရိုသည် အူသိမ်အူမ ပိတ်ဆို့မှုဖြင့် ဆေးရုံတက်ခဲ့ရကြောင်းနှင့် ယခုအခါတွင် အခြေအနေ မှာ  တည်ငြိမ်သွားပြီဖြစ်ကြောင်း  ၎င်း၏ဆရာဝန်  အန်တိုနီယို လုဇ်မာဆီဒိုနှင့်    ၎င်း၏အဖွဲ့က  သုံးသပ်ဖော်ပြခဲ့သော်လည်း ဆေးရုံမှဆင်းရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ 
ဖြစ်နိုင်သည့်ခွဲစိတ်မှုများ လုပ်ဆောင်ရန် စစ်ဆေးမှုများ ပိုမို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘော်ဆွန်နာရိုက ၎င်း၏တွစ်တာ အကောင့်တွင် ဖော်ပြခဲ့သည်။ 
ဆန်တာ ကာတရီနာပြည်နယ်တွင် နှစ်သစ်ပွဲတော်ဆင်နွှဲနေစဉ် ဇန်နဝါရီ ၂ ရက် နေ့လယ်စာစားပြီးနောက် နေမကောင်းဖြစ်လာခဲ့ ကြောင်း  ဘရာဇီးသမ္မတက ပြောခဲ့သည်။
ဘရာဇီးသမ္မတက သူ့အနေဖြင့် ယခုတစ်ကြိမ် ဆေးရုံတက်ခြင်း သည် ဒုတိယအကြိမ် ဆေးရုံတက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကာလအတွင်း ဓားဖြင့်တိုက်ခိုက် ခံရမှုကြောင့် အလားတူ ရောဂါမျိုးဖြင့် ပထမအကြိမ် ဆေးရုံတက်ခဲ့ရ ကြောင်းနှင့်   ထိုအချိန်ကတည်းက   ယခုအချိန်အထိ   ခွဲစိတ်မှု လေးခါလုပ်ခဲ့ကြောင်းပြောခဲ့သည်။                              ဆင်ဟွာ