ဘရူနိုင်းနိုင်ငံ၌  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၉၀၄ ဦးအထိ ရောက်ရှိလာ

 

ဘန်ဒါဆီရီဘီဂါဝန် အောက်တိုဘာ ၄  


ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၄ ရက်က  ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ် ပွားသူ ၁၈၈ ဦး တိုးလာသောကြောင့် စုစုပေါင်း  နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၇၉၀၄ ဦးအထိရောက်ရှိလာခဲ့သည်။ 
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော   ဘရူနိုင်းနိုင်ငံတွင် တစ်နှစ်ကျော်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့်ပမာဏ ၁၀၀၀၀ နားကပ်လာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ 
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူအားလုံးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်သည်။ ရောဂါထိန်းချုပ်စင်တာတွင် ကြီးကြပ်ကုသမှု ခံယူနေသော လက်ရှိ  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၃၄၃ ဦးရှိသည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၅၅၀၁ ဦးရှိသည်။
ဘရူနိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ယခု အချိန်အထိ ကိုဗစ်-၁၉ ကြောင့်   သေဆုံးသူပေါင်းမှာ  ၆၉  ဦးအထိ  ရောက်ရှိလာပြီဖြစ်သည်။
လူပေါင်း ၄၅၀၀၀၀  နေထိုင်သော ဘရူနိုင်းနိုင်ငံတွင် လွန်ခဲ့သော နှစ်   ဇွန်လက ကိုဗစ်-၁၉ သေဆုံးမှုနောက်ဆုံးဖြစ်ခဲ့သည်။ 
ဆင်ဟွာ