
ဘန်ဒါဆီရီဘီဂါဝန် အောက်တိုဘာ ၁၈
ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၁၈၇ ဦးတိုးလာသောကြောင့် စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၁၁၀၄၇ ဦးအထိရှိလာခဲ့သည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်သူအားလုံးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်း ဘရူနိုင်းကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ရောဂါခြေချုပ်စင်တာတွင် ကြီးကြပ်ကုသ မှုခံယူနေသော လက်ရှိ ကိုဗစ်-၁၉ ကူးစက်သူ ၂၇၂၈ ဦးရှိသည်။ ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၈၂၄၂ ဦးရှိသည်။
ဘော်နီယိုကျွန်းတွင်တည်ရှိသည့် ပသီဘုရင်အုပ်စိုးရာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ယခုအချိန်အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်းမှာ ၇၇ ဦးအထိ ရှိလာပြီဖြစ်သည်။ ဆင်ဟွာ