ဘရူနိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူတိုးလာ 


 

ဘန်ဒါဆီရီဘီဂါဝန် စက်တင်ဘာ ၂၀  


ဘရူနိုင်းနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ၂၁၄ ဦးရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ပေါင်းမှာလည်း ၅၂၆၁ ဦးအထိ မြင့်တက်လာခဲ့သည်။ 
ဘရူနိုင်းကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူများအနက်  တစ်ဦးမှာ  ပြည်ပကူးစက်မှုဖြစ်ပြီး ၂၁၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း  ဖော်ပြခဲ့သည်။   နိုင်ငံအတွင်း လတ်တလောအစုလိုက်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၅ ဦးရှိသည်။ 
ပြည်သူများကို  လိုအပ်မှသာ  အပြင်ထွက်ရန်၊    လူထူထပ်သည့် နေရာများကို  သွားလာခြင်းမှ   ရှောင်ရှားရန်နှင့်   ဆွေမျိုးများနှင့် သူငယ်ချင်းများအိမ်သို့   သွားရောက်လည်ပတ်ခြင်း  မပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ  ပြန်လည်ကောင်းမွန်လာသူ ၂၅၅ ဦးနှင့် သေဆုံးသူ  သုံးဦးရှိလာပြီ ဖြစ်သည်။                                              ဆင်ဟွာ