
နေပြည်တော် ဧပြီ ၂၂
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင် ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှု မရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများက ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း များ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြား ပြသပေးလျက်ရှိသည့် ဆရာ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိ ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာကြီးဖြစ်သည့် မြဝတီရပ်ကွက်နေ ဦးသောင်းတင်ထွန်း ၅၅နှစ် (ဘ) ဦးကျော်ဝင်းသည် ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မုံရွာ-ရေဦးကားလမ်းဘေးရှိ ၎င်း၏နေအိမ် ရှေ့၌ ဖွင့်လှစ်ထားသည့် တော်ဝင်ထွန်းဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက် သမား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်သမား အမျိုးသားက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ဦးသောင်းတင်ထွန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၎င်းအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသူ အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်