
နေပြည်တော် ဩဂုတ် ၁၀
ကရသူရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီတွင် ဘုတ်ပြင်းမြို့နယ် ကရသူရိ မြို့ ကံမော်ကြီးကျေးရွာနေ အောင်ပိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၁၈၀ ကိုလည်းကောင်း၊ အလားတူ ဩဂုတ် ၉ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်း ကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်းတွင် မပိုးနှင်းဖြူ(ခ)ခြူးလေးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ သိမ်းဆည်းရမိ ခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ တွင် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘောလုံးကွင်းအနီး၌ အောင်ပြည့်မြတ်အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ နှင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် အဆိုပါနေရာ၌ပင် အောင်ဖြိုး ကျော်(ခ)ဆိုးပေကိုလည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် အောင်မေတ္တာ(၁)လမ်း အမှတ် (၃၈) (၅)လွှာနေ ညီညီဇော်(ခ)အစ္စလန်း၏ နေအိမ် တိုက်ခန်းကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စစ်အောင်နိုင်(ခ)အငယ်လေး၊ ဆန်းစစ်နောင် တို့ကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၀၀ ကိုလည်းကောင်း။
ထို့အတူ ဩဂုတ် ၈ ရက် ညနေ ၄ နာရီ တွင် မိုင်းလုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ နယ် မိုင်းလုံမြို့ အောက်ပိုင်းရပ်ကွက်နေ မခမ်းအိမ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၆၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား