
ဆိုဖီယာ ဩဂုတ် ၂၅
ဘူဂေးရီးယားအစိုးရက နိုင်ငံ အတွင်း ချမှတ်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို နိုဝင်ဘာ ၃၀ ရက်အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့သော နိုင်ငံအတွင်း ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေကို အချိန်တိုးမြှင့်ခြင်း နှင့် ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအတွင်း ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာခြင်း ကို တားဆီးနိုင်မည်ဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
နိုင်ငံအတွင်း အရွယ်ရောက်ပြီး သူ ဦးရေ၏ ၂၀ ဒသမ ၁ ရာခိုင် နှုန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးစီးခဲ့ပြီး ၁၈ ဒသမ ၂ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ် ရေ အပြည့်ထိုးနှံပြီးဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၅၀၉၇ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၈၅၆၅ ဦးရှိ သည်။
နိုင်ငံအတွင်း အမျိုးသား ကပ်ရောဂါဆိုင်ရာ အရေးပေါ်အခြေ အနေကို ယမန်နှစ် မေ ၁၄ ရက်က စတင်ကြေညာခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ