
ဂျီနီဗာ ဇူလိုင် ၃
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမှာ တစ်ကမ္ဘာလုံးအနှံ့ ပြန် လည် ဖြစ်ပေါ်လာပြီး ဗီဇပြောင်းများ၏ ကူးစက်မှုကြောင့် လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို စိတ်ပူပင်စရာဖြစ်စေခဲ့ သည်။ အိန္ဒိယတွင် ပထမဆုံးတွေ့ရှိရသည့် ဒယ်လ်တာသည် တိုင်းပြည်အတွင်း ကူးစက်မှုများပြားရခြင်း၏ အဓိက အကြောင်းဖြစ်ပြီး နေ့စဉ်ကူးစက်မှုမှာ ၄၀၀၀၀၀ ကျော် တွေ့လာရသည်။
အိန္ဒိယတွင် တင်းကျပ်သည့် အသွားအလာပိတ်ဆို့ ကန့်သတ်မှုများ ချမှတ်ပြီးနောက် နေ့စဉ်ကူးစက်မှုမှာ သိသိ သာသာကျဆင်းလာခဲ့သည်။ ဖြေလျှော့မှုများ လုပ်ဆောင် လာသည့်နောက် စီးပွားရေးပြန်လည်လုပ်ဆောင်မှုများ ရှိလာသည်။ နှစ်လကြာမြင့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တာ့ဂျ်မဟာကို ဇွန် ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ သည်။
သို့သော်လည်း ဒယ်လ်တာပလက်စ်ဟု ခေါ်သော ဗီဇပြောင်းကူးစက်မှုကြောင့် တိုင်းပြည်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်စရာကောင်းနေဆဲပင်ဖြစ်သည်။
ပီရူးနိုင်ငံတွင်လည်း လမ်ဒါဟုခေါ်သည့် ဗီဇပြောင်းကူး စက်ခံရပြီး ဧပြီလမှစတင်ကာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗီဇပြောင်းကို အာဂျင်တီးနားနှင့် ချီလီနိုင်ငံတို့ တွင်လည်း တွေ့လာရသည်။
အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အပါအဝင် အာရှ နိုင်ငံများတွင်လည်း ကူးစက်မှုများ ပြန်လည်များပြားလာ သည်။
ဗြိတိန်နှင့် တောင်အာဖရိကတို့တွင်လည်း ကူးစက်မှု များ ပြန်လည်များပြားလာသည်ကို တွေ့လာရသည်။
အင်န်အိတ်ချ်ကေ