ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မလေးရှားကို မြန်မာအသင်း ရှုံးနိမ့်

 

ရန်ကုန်   ဩဂုတ်   ၉


ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဗီယက်နမ် ယူ-၁၉     ဖိတ်ခေါ်ပြိုင်ပွဲ   အုပ်စု နောက်ဆုံးနေ့ကို သြဂုတ် ၉ ရက် က ဗီယက်နမ်နိုင်ငံ   ဘင်ဒေါင်း မြို့၌ ကျင်းပရာ   မြန်မာအသင်း သည်      မလေးရှားအသင်းကို    နှစ်ဂိုး-ဂိုးမရှိဖြင့်   အရေးနိမ့်ခဲ့ သည်။

 


နှစ်ပွဲဆက်  အရေးနိမ့်ထား သည့် မြန်မာအသင်းသည်    ယခု အုပ်စု    နောက်ဆုံးပွဲတွင်လည်း မလေးရှားကို    ထပ်မံအရေးနိမ့် ခဲ့သည်။    မြန်မာအသင်းသည် အုပ်စုသုံးပွဲစလုံး       ဂိုးပေါက် ပျောက်ဆုံးခဲ့ပြီး အုပ်စုအောက်ဆုံး နေရာသာ    ရပ်တည်ခဲ့သဖြင့် တတိယနေရာလုပွဲသာ     ကစား ရတော့မည် ဖြစ်သည်။

 


မြန်မာအသင်းသည် ပွဲထွက် လူစာရင်းကို      အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး  အောင်ပြည့်ဖြိုး (ဂိုး)၊ သာယာဝင်းထက်၊ မျိုးမင်းဟိန်း၊ လန်းဆန်းအောင်၊ အာကာကျော်၊ ချစ်အေး၊ မိုးဆွေ၊ ဟိန်းဇော်နိုင်၊ ထွန်းထွန်းသိန်း၊     စွမ်းထက်၊ သန်းတိုးအောင်တို့ဖြင့် ပွဲထွက်ခဲ့ သည်။   ပွဲအစ   နှစ်မိနစ်မှာပင် မလေးရှားအသင်း ဂိုးစတင်ရရှိပြီး နာဆာရင်က    သွင်းယူခဲ့သည်။ မြန်မာအသင်းသည်   ယခုပြိုင်ပွဲ တွင်   ပွဲအစ   မိနစ်အနည်းငယ် အတွင်း        ဂိုးများပေးနေရပြီး ဂိုးစတင်ပေးလိုက်ရသဖြင့် နောက် မှ   လိုက်ကစားရကာ  မျှော်မှန်း သလို   မကစားနိုင်ခဲ့ပေ။  ယင်း နောက်ပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရန်   ကြိုးပမ်းခဲ့သော် လည်း အဆုံးသတ်အားနည်းမှု ကြောင့်  ဂိုးမရခဲ့ပေ။   ပွဲပြီးခါနီး ၈၇ မိနစ်တွင် မလေးရှားအသင်း ဒုတိယဂိုးရခဲ့ပြီး အဘူဘာကာက သွင်းယူခဲ့ခြင်းဖြစ်သည်။

 


မြန်မာအသင်းသည်   အုပ်စု သုံးပွဲစလုံးအရေးနိမ့်ခဲ့သဖြင့် အုပ်စု အောက်ဆုံးနေရာ၌  ရပ်တည်ခဲ့ပြီး တတိယနေရာလုပွဲသာ    ကစား ရတော့မည်ဖြစ်သည်။   


ရဲရင့်လွင်၊ဓာတ်ပုံ-VFF