
ရန်ကုန် မေ ၅
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို မေ ၆ ရက် (ယနေ့) စတင်ကျင်းပမည် ဖြစ်သည်။ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သော် လည်း အားကစားနည်းအချို့ကို ဖွင့်ပွဲရက် ထက်မတိုင်မီစော၍ ပြုလုပ်ခြင်းဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ဖွင့်ပွဲရက်မတိုင်မီ ဘောလုံး၊ ဖူဆယ်၊ ဒိုင်ဗင်၊ စစ်တုရင်၊ ကစ်ဘောင်ဆင်၊ Kurash ၊ ပန်ကြပ်ဆီလတ်၊ အပြည်ပြည် ဆိုင်ရာလှေနှင့် သဲသောင်ပြင် Handball ပြိုင်ပွဲတို့ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ဘောလုံး၊ ဖူဆယ်၊ စစ်တုရင်၊ Kurash နှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မေ ၆ ရက်တွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကစ်ဘောင်ဆင်နှင့် သဲသောင်ပြင် Handball ပြိုင်ပွဲတို့ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေ ဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင် မည်ဖြစ်သော်လည်း အုပ်စုပထမပွဲကို မေ ၈ ရက်မှသာ စတင်ကစားရမည်ဖြစ်သည်။
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ် မေလ သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
ရဲရင့်လွင်