ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်

 

ဟိုချီမင်း  အောက်တိုဘာ ၃၀


ဗီယက်နမ်နိုင်ငံ၏     အကြီးဆုံး မြို့ဖြစ်သော          ဟိုချီမင်းမြို့ ရှိ     စားသောက်ဆိုင်များသည် လေးလကျော်     ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။ 
အောက်တိုဘာ  ၂၈  ရက်မှ စတင်ကာ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ  ပြန်လည်ဖွင့်လှစ် နေပြီဖြစ်သည်။    ည ၉ နာရီ မတိုင်မီအချိန်အထိ   ဖွင့်လှစ်နိုင် ကြောင်း သိရသည်။  

 


အရက်ရောင်းချမှုကိုမူ အချို့ သော  နေရာများတွင်သာ  ခွင့်ပြု ပေးထားသည်။      လာရောက် စားသုံးသူပမာဏကိုလည်း ကပ် ရောဂါ မတိုင်မီက လူဦးရေ၏ တစ် ဝက်နီးပါးကိုသာ ခွင့်ပြုပေးထား သည်။  နေ့စဉ်ကိုဗစ် -၁၉ ကူးစက် မှုနှုန်းမှာ   မကြာသေးမီကာလ အတွင်း  ၃၀၀၀ မှ  ၄၀၀၀ အထိ လျော့ကျလာခဲ့သည်။ ဩဂုတ်လ အတွင်းက နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၀၀၀၀ နီးပါးရှိခဲ့ရာ သိသိသာသာ ကူးစက်မှု  ကျဆင်းသွားခြင်းပင် ဖြစ်သည်။ 

 


တင်းကျပ်သည့်  စည်းကမ်း များကြောင့် စီးပွားရေးကိုထိခိုက် စေခဲ့သည်။  ဗိုင်းရပ်စ်ကူးစက်မှု လျှော့ချရေးနှင့်   စီးပွားရေးပြန် လည်     ရှင်သန်စေရေးတို့အကြား  မျှမျှတတ   လုပ်ဆောင်နိုင်ရေး အတွက်   အစိုးရက  ကြိုးပမ်းလျက် ရှိသည်။          

အင်န်အိတ်ချ်ကေ