
ဟနွိုင်း နိုဝင်ဘာ ၂၉
ဗီယက်နမ်နိုင်ငံသည် နိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင် ရေး ကြိုးပမ်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသည့် ကမ္ဘာလှည့်ခရီးသွား များအား နိုင်ငံ၏ဒေသငါးခုသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးခြားစောင့်ကြည့်မှုခံယူရန်မလိုအပ်ဘဲ လာရောက်လည်ပတ် ခွင့်ကို နိုဝင်ဘာလမှစတင်၍ ခွင့်ပြုလိုက်ကြောင်း သိရ သည်။
ကမ္ဘာလှည့်ခရီးသွားများအား ခရီးသွားလာရာ၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ သီးခြားစောင့်ကြည့်မှုခံယူရခြင်းမှ ကင်းလွတ် ခွင့်ပြုသောဒေသများမှာ နိုင်ငံမြောက်ပိုင်းရှိ ကွန်နင်းပြည်နယ်၊ နိုင်ငံအလယ်ပိုင်းဒေသရှိ ဒါနန်းမြို့တော်၊ ကွန်နန်ပြည်နယ်၊ ခန်ဟိုပြည်နယ်နှင့်နိုင်ငံတောင်ပိုင်းရှိ ကန်ဂန်ပြည်နယ်တို့ဖြစ် ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုအရေ အတွက်မှာ ၂၀၁၉ ခုနှစ်တွင် ၁၈သန်းကျော်ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် တွင် ၃ ဒသမ ၈ သန်းကျော်သာရှိကြောင်း ဗီယက်နမ်နိုင်ငံ စာရင်းအင်းရုံးကပြောကြားသည်။ ယခုနှစ် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသွားဦးရေ ၁၅၀၀၀ ဝင်ရောက်ခဲ့ရာတွင် ၁၄၀၁၀၀ မှာ အာရှနိုင်ငံများမှ ခရီးသွား များဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံစာရင်းအင်းရုံးက ယနေ့ ပြောကြားသည်။
ကိုးကား ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ