ဗီယက်နမ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၆၆၃ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း  သြဂုတ်  ၂၉ 


ဗီယက်နမ်နိုင်ငံ၌  လွန်ခဲ့သော   ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၂၆၆၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ   လက်ရှိအချိန်အထိ    နိုင်ငံ အတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၃၅၁၃၂ ဦး ရှိပြီး  သေဆုံးသူပေါင်း  ၁၀၇၄၉  ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။ 
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၂၆၁၉ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန် ၄၄ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်သည်။ 


ထို့ပြင်  ယင်းကူးစက်ခံရသူအများစုကို  နိုင်ငံ၏ တောင်ဘက်ပိုင်းမှ အများဆုံးစစ်ဆေးတွေ့ရှိရသည်။ ဘင်ဒေါင်ခရိုင်၌ ၅၄၁၄ ဦး၊ ဟိုချီမင်းစီးတီး၌ ၄၉၅၇ ဦးနှင့်  လောင်အန်ခရိုင်၌  ၅၃၃ ဦးတို့ကို  အသီးသီး တွေ့ရှိရသည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၈၈၁၃ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံ များမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း  ၂၁၉၈၀၂ ဦးရှိလာ သည်။ 
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၁၉ ဒသမ ၄ သန်းကျော်အား  ထိုးနှံ ပေးပြီး ဖြစ်သည်။                  

 

ကိုးကား - ဆင်ဟွာ
                   

ဘာသာပြန် - အောင်ကျော်ကျော်