ဗီယက်နမ်နိုင်ငံ၌  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၅၄ သန်းကျော်  ရှိလာပြီဖြစ်

 

 

ဟနွိုင်း  အောက်တိုဘာ  ၁၁  


ဗီယက်နမ်နိုင်ငံတွင်   ကိုဗစ်-၁၉  ထပ်မံ ကူးစက်သူ   ၃၆၁၉  ဦးရှိလာကြောင်း ဖော်ပြခဲ့ပြီး   ပြည်ပကူးစက်သူ နှစ်ဦးနှင့် ပြည်တွင်းကူးစက်သူ   ၃၆၁၇ ဦး  ဖြစ် ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 
ကိုဗစ်-၁၉ ထပ်မံကူးစက်မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၄၃၂၈၁ ဦးအထိ    ရှိလာပြီး  ၂၀၆၇၀ သေဆုံးခဲ့ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက    ဆက်လက်  သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉   အစုလိုက်ကူးစက်မှု အများစုမှာ တောင်ပိုင်းဒေသများမှဖြစ် ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက် နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၁၅၂၇ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၄၄၆ ဦး နှင့် ဒွန်နိုင်းပြည်နယ်မှ ၄၉၉ ဦးတို့ ဖြစ်ကြ သည်။
ကိုဗစ်-၁၉ ကူးစက်မှုမှ  ပြန်လည် ကျန်းမာလာသူ   ၇၈၄၇၄၈  ဦး ရှိလာပြီး    နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း    ၅၄ သန်း ကျော်လွန်လာပြီဖြစ်သည်။ 
ဆင်ဟွာ