ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက်မှုများရှိနေသော်လည်း စာသင်နှစ်စတင်

 

ဟနွိုင်း   စက်တင်ဘာ   ၅


ဗီယက်နမ်နိုင်ငံ၌      ကိုဗစ်- ၁၉ ကူးစက်မှုဆိုးရွားစွာ     ဖြစ်ပေါ် နေသော်လည်း      နိုင်ငံအတွင်း ပြည်နယ်သုံးပုံနှစ်ပုံတွင် စာသင်နှစ်အသစ်စတင်နေပြီဖြစ်ကြောင်း ဗီယက်နမ်   သတင်းအေဂျင်စီက ပြောသည်။


ကိုဗစ် - ၁၉ ကန့်သတ်ချက် များကြောင့် ကျောင်းဖွင့်ပွဲ အခမ်း အနားကို ရိုးရှင်းစွာ ကျင်းပခဲ့ကြပြီး အွန်လိုင်းပေါ်မှ   တစ်ဆင့်သာ ကျောင်းသားများကို စုဝေးခဲ့သည်။
နောက်ထပ်နယ်မြေ    ၁၃ ခု တွင် ကျောင်းဖွင့်ပွဲအခမ်းအနားကို ‌ရွှေ့ဆိုင်းရန်   ဆုံးဖြတ်ခဲ့ကြပြီး လက်ရှိ ကိုဗစ်- ၁၉ ကူးစက်မှု ဗဟို ချက်မနေရာ        ဖြစ်နေသည့် ဟိုချီမင်းမြို့တွင်လည်း   ကျောင်း ဖွင့်ပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့ သည်။ 


ဗီယက်နမ်နိုင်ငံသည် ဧပြီလ အတွင်း      အဆိုးရွားဆုံးသော ကိုဗစ် - ၁၉ ကူးစက်မှုနှင့် ကြုံတွေ့ နေရပြီး စက်တင်ဘာ ၄ ရက်အထိ ကူးစက်ခံရသူ    ၅၀၀၀၀၀ နှင့် သေဆုံးသူ  ၁၂၇၀၀   ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏    ပြော ကြားချက်ရ သိရသည်။    

ဆင်ဟွာ