
ဟနွိုင်း ဒီဇင်ဘာ ၆
ဗီယက်နမ်နိုင်ငံ၌ ဒီဇင်ဘာ ၆ ရက် က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၄၅၉၁ ဦးရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ၃၃ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၄၅၅၈ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၃၂၃၆၈၃ ဦး အထိရှိလာပြီး ၂၆၄၈၃ ဦး သေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် သတင်းထုတ်ပြန်ဖော်ပြခဲ့ သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှု အများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်း စီတီမှ ၁၁၇၄ ဦး၊ ကန်သိုပြည်နယ်မှ ၁၁၈၉ ဦး နှင့် တေနင်ပြည်နယ်မှ ၈၅၉ ဦးတို့ ဖြစ်ကြသည်။
ဆင်ဟွာ