ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၅၅၀၉၉၆ ဦးရှိလာ 

 

ဟနွိုင်း စက်တင်ဘာ ၇ 


ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၇   ရက်က   ကိုဗစ်- ၁၉   ထပ်မံ ကူးစက်သူ   ၁၄၂၀၈  ဦး  ရှိလာ ကြောင်း    ဖော်ပြခဲ့ပြီး    ပြည်ပ ကူးစက်သူ ၁၅ ဦးနှင့် ပြည်တွင်း ကူးစက်သူ    ၁၄၁၉၃   ဦး ဖြစ် ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာသည်။ 
ကိုဗစ်-၁၉  ထပ်မံကူးစက်မှု နှင့်အတူ   နိုင်ငံတွင်း  ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၅၅၀၉၉၆  ဦး အထိရှိလာပြီး ၁၃၇၀၁ ဦး သေဆုံး ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက        ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက် မှုအများစုမှာ    တောင်ပိုင်းဒေသ များမှဖြစ်ကာ         ကိုဗစ်-၁၉ ကူးစက်ရာ   ဗဟိုချက်နေရာဖြစ် သည့်   ဟိုချီမင်းမြို့မှ   ၇၃၁၀ ၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၃၉၆၆ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၉၄၅  ဦးတို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉     ကူးစက်မှုမှ ပြန်လည်       ကျန်းမာလာသူ ၃၁၁၇၁၀       ရှိလာပြီး    နိုင်ငံ တစ်ဝန်း   ကိုဗစ်-၁၉  ကာကွယ် ဆေးထိုးပြီးသူပေါင်းမှာလည်း       ၂၂ ဒသမ ၆ သန်းကျော်လွန်လာ ပြီဖြစ်သည်။      
          ဆင်ဟွာ