
ဟနွိုင်း ဩဂုတ် ၁၇
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၀၅ ဦးကို ထပ်မံတွေ့ရှိရသောကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ပေါင်း ၂၉၃၃၀၁ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၄၇၂ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ယနေ့ထပ်မံကူးစက်ခံရသူများ၌ ပြည်တွင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၉၅၉၅ဦးရှိပြီး ပြည်ပမှပြန်လည်ရောက်ရှိလာသူများ အနက်မှကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ ဦးရှိကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း၌ လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများကို တွေ့ရှိရပြီး ဟိုချီမင်းမြို့တော်၌ ၃၃၅၉ဦး၊ ဘင်ဒေါင်းပြည်နယ်၌ ၃၃၃၂ ဦးနှင့် လောင်အန်းပြည်နယ်တွင် ၅၈၁ ဦး စသည်ဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုများကို တွေ့ရှိရသည်။ ၁၁၁၃၀၈ ဦးမှာ ကိုဗစ်-၁၉ရောဂါမှ ပြန်လည်ကျန်းမာလာပြီး နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး အလုံးရေ ၁၅ ဒသမ ၂ သန်းကို အသုံးပြုခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ