
ဟနွိုင်း အောက်တိုဘာ ၃
ဗီယက်နမ်နိုင်ငံ၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၃၇၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၀၈၅၇၈ ဦးရှိလာကြောင်း ဗီယက်နမ် နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၃၇၆ ဦးအနက် ၅၃၆၇ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ကိုးဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူစုစုပေါင်း ၁၉၇၁၅ ဦးရှိသွားပြီဖြစ် ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက်ကူးစက်ခံရသည့်ဒေသများမှာ နိုင်ငံတောင်ပိုင်းမှဖြစ်ပြီး ဟိုချီမင်းစီးတီး၌ ၂၄၆၁ ဦး၊ ဘင်ဒေါင်းပြည်နယ်၌ ၁၂၈၃ ဦးနှင့် ဒွန်နိုင်းပြည်နယ်၌ ၈၂၄ ဦးဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၈၈၅၉ ဦးထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၆၉၃၇၉၇ ဦးရှိလာကြောင်းနှင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၄၄ ဒသမ ၆ သန်းနီးပါး အသုံးပြုပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်