ဗီယက်နမ်နိုင်ငံ၌ နိုင်ငံခြားခရီးသွားများအတွက် အပန်းဖြေကျွန်း ပြန်လည်ဖွင့်လှစ်

 

ဟိုချီမင်း  နိုဝင်ဘာ  ၂၁


ဗီယက်နမ်နိုင်ငံသည် တောင်ပိုင်းအပန်းဖြေကျွန်းဖြစ်သည့် Phu Quoc ကျွန်းကို နိုင်ငံခြားခရီးသွားများ အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။ ကပ်ရောဂါစတင်သည့်အချိန်မှစတင်ကာ ပထမဦးဆုံး အကြိမ်အဖြစ် အပန်းဖြေကျွန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ 

 


နိုဝင်ဘာ   ၂၀  ရက်က   အဆိုပါကျွန်းသို့  တောင်ကိုရီးယား  ခရီးသွားဧည့်သည်  ၂၀၀ ကျော် လာရောက်ခဲ့ကြသည်။ နိုင်ငံခြားခရီးသွားများအနေ ဖြင့် ကာကွယ်ဆေးအပြည့်ထိုးထားရန်  လိုအပ်ပြီး ကိုဗစ် -၁၉ ကင်းစင်ကြောင်း လက်မှတ်ပြသနိုင်ပါက အသွားအလာစောင့်ကြည့်ကန့်သတ်မှုကို ခြွင်းချက် ပေးမည်ဖြစ်သည်။ 

 


သတ်မှတ်ထားသည့်      တည်းခိုနေရာများသို့ လာရောက်ရန်ခရီးသွားများသည်       စင်းလုံးငှား လေယာဉ်ဖြင့် လာရောက်ရမည်ဖြစ်သည်။  ဗီယက် နမ်နိုင်ငံသည်  နိုဝင်ဘာလလယ်မှစတင်ကာ  နိုင်ငံ၏  အချို့နေရာများ၌  နိုင်ငံခြားခရီးသွားများကို  လက်ခံခဲ့သည်။  

 


အစိုးရသည်  အချို့သောနေရာများ၌  ကန့်သတ် ချက်များကို     တဖြည်းဖြည်းချင်း    ဖြေလျှော့ပေး သွားရန် အစီအစဉ်ရှိသည်။  လာမည့်နှစ်   ဒုတိယ နှစ်ဝက်ရောက်လျှင်     နိုင်ငံခြားခရီးသွားများကို  ခြွင်းချက်များမရှိဘဲ လက်ခံသွားရန်  ရည်ရွယ်ထား ကြောင်း သိရသည်။

 


ဗီယက်နမ်နိုင်ငံသည် တင်းကျပ်သည့် ကိုဗစ်-၁၉ စည်းကမ်းများချမှတ်ထားရာ တိုင်းပြည်၏ စီးပွား ရေးကို ထိခိုက်စေခဲ့သည်။ အောက်တိုဘာလအတွင်း အစိုးရသည်   စားသောက်ဆိုင်များနှင့်    စက်ရုံများ ကို    ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။   ပြီးခဲ့သည့် လအတွင်း ဗီယက်နမ်နိုင်ငံ၏ နေ့စဉ်ကူးစက်မှုမှာ ၃၀၀၀ ရှိသည်။ သို့သော်လည်း နိုဝင်ဘာ ၁၈ ရက်တွင် နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀ ထိရှိလာခဲ့သည်။


ဆင်ဟွာ