
ဟနွိုင်း နိုဝင်ဘာ ၂၉
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၇၇၀ ရှိကြောင်း၊ ယင်းတို့အနက် ၁၃၇၅၈ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၁၂ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အစုလိုက်အပြုံလိုက်ကူးစက်မှုများမှာ နိုင်ငံတောင်ပိုင်းဒေသများမှဖြစ်ကြောင်းနှင့် ဟိုချီမင်းစီးတီး၌ ၁၅၅၄ ဦး၊ ကန်သိုပြည်နယ်၌ ၉၁၃ ဦး၊ တေနင်းပြည်နယ်၌ ၇၁၉ ဦး အသီးသီးကူးစက်ခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၂၄၁၁၀ ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၅၅ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၉၇၄၇၂၄ ဦးရှိကြောင်း သိရသည်။ လက်ရှိ တွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၂၁ သန်း နီးပါးအသုံးပြုခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ၏ သန်း ၅၀ ခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်