ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၉၈၈ ဦးရှိလာ

ဟနွိုင်း  နိုဝင်ဘာ  ၈

ဗီယက်နမ်နိုင်ငံ၌   ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ   ၇၉၈၈ ဦး ထပ်မံတွေ့ရှိကြောင်း၊ အဆိုပါ တစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၇၉၅၄ ဦးသည်   ပြည်တွင်း၌   ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ၃၄ ဦးသည်      ပြည်ပမှပြန်လည် ရောက်ရှိလာသူများအနက်မှ     ကူးစက်ခံရသူများ ဖြစ်ကြောင်း  ဗီယက်နမ်နိုင်ငံ  ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။


ယနေ့တွင်  ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုများသည် ဗီယက်နမ်နိုင်ငံတောင်ပိုင်းဒေသများမှဖြစ်ကြောင်း၊ ဟိုချီမင်းစီးတီး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၁၆ ဦး၊ ဒွန်နိုင်းပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၉၆၉ ဦးနှင့် ဘင်ဒေါင်းပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၂၃ ဦးအသီးသီးရှိကြောင်း သိရသည်။


ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးက်ခံရသူ  ၇၉၈၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်  ကူးစက်ခံရသူပေါင်း  ၉၇၆၆၇၂ဦး ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူ ပေါင်း ၂၂၅၉၈ ဦး ရှိကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

ကျန်းမာလာသူပေါင်း  ၈၄၁၈၇၅ ဦးရှိလာ


ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသူ ၁၀၇၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့်    နိုင်ငံတစ်ဝန်းတွင် ပြန်လည်ကျန်းမာလာသူစုစုပေါင်း    ၈၄၁၈၇၅ ဦး ရှိလာကြောင်း   ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်